Thursday, 17 September 2009

ထလော့မြန်မာ
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
စေတီ စပါးများလည်းများ၏
များပါလေလည်း တမွဲမွဲနဲ့
ဆင်းရဲ ကာလကြာလျှင်
ယာစကားမျိုး တညှိုးညှိုးနှင့်
ပုထိုး မြင့်မောင်း ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ ဝမ်းမဝ၍
ဆွမ်းမျှ မတင်နိုင်ရှိမည်တည်း။

ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီနှံချိုပျား များလည်းများ၏
များပါလေလည်း တမွဲမွဲနဲ့
ဆင်းရဲ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။

ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျှော့လုံ့လ
သူကစ၍ ငါကအားလုံး
လက်ရုံးမြားမြောင် ညဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤယာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ညဏ်ရှေ့ပန်း၍
တဝမ်းတစိတ် ညီစေသတည်း။
ဆရာဇော်ဂျီ

Tuesday, 4 August 2009

ငါတို့အိမ် ... ဓီရာမိုရ်

ငါတို့အိမ်

တေးရေး - အရိုး
တေးဆို - ဓီရာမိုရ်

အိမ်ခေါင်မိုးက မိုးမလုံလည်း … ငါတို့လုံးဝ စိတ်မကုန်ပါ …
ရေခံခွက်အောက် မိုးစက်တပေါက်ပေါက် ကျသံ … တွံတေးကြီး တေးသံလား …
အမေဆင်မြန်းတဲ့ နန်းဆောင်အို ကိုရွှေသကြားမင်း ဗိမာန်မို့ …
စင်တင်ဇာတ်ထုတ်ထဲက အကောင်းစားတိုက်အိမ် … တစ်လုံးနဲ့ မလဲပါဗျို့ …
ရွှေမြေအိုးမည်း နှုတ်ခမ်းရယ်တို … ဆာနေကြတဲ့ ၀မ်းတွေစို …
အခုရထားတဲ့ လောကစည်းစိမ် … နတ်ပြည်နဲ့ မလဲဘူး …

အမေ ကောက်ညှင်းဆန် လက်တစ်ဆုပ်ပေါင်း နှမ်းထောင်းရင် …
နတ်ပေးတဲ့ သြသဓဆေး … အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ …
တို့ အိမ်က မခွဲကြေး … ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့ …
ကောင်းချီးသြဘာပေး … စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် …
တစ်ခေါက်လောက် မင်းလာကြည့်တော့ … သူငယ်ချင်း …

မဟာဂေါဏ ဘို့လည်ထောင် … စူဠဂေါဏ နောက်အငယ်ကောင် …
အတူတစ်ကျင်းထဲစားတဲ့ တို့ရဲ့နွားနှစ်ကောင် … အမေ့ရဲ့ သားတော်မောင် …
မဟာအန္ဓအစ်ကို့နာမည် … စူဠအန္ဓ ကျွန်တော့်နာမည် …
အနှိမ်ခံ တောသားကျောမွဲ ဦးနှောက်နည်းလည်း … အမေ့ရဲ့ အားတွေပဲ …
ညီမလေးက နှီးထိုင်ဖြာ … အဘက ဆေးတစ်ဆုံဖွာ …
မှောင်ရီလရိပ်အောက်က တိတ်တဆိတ်ညတွေမှာ …
အမေ့ရဲ့ တရားသံနာ … လူဟာဘယ်လောက်ထိ အသက်ရှင်လဲ …
ဘယ်လောက်အများဆုံး ရနိုင်လဲ … အခုရထားတဲ့ လောကစည်းစိမ်တွေ …
ဘယ်လောက် ကြာကြာ မြဲမလဲ …

လူဟာ လောဘတရားနဲ့ ငရဲလမ်းသွားတဲ့ … ဒုက္ခယက်ကောင်များ …
အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ … တင်းတိမ်ရောင့်ရဲကြ …
ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့ …
နှာခေါင်းရှုံ့ လက်ခါမလား … စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် …
တစ်ခေါက်လောက် မင်းလာကြည့်တော့ သူငယ်ချင်း …


To Listen This Song ...
http://zmagmdy.googlepages.com/OurHouse.mp3

Wednesday, 22 July 2009

ရဲခဲ့သည်ပါ့

မြစ်တန်းမှာတဲ့ လေကြမ်းဆင်
ထန်လိုက်လေ လေမုန်တိုင်း
လှိုင်းကဘောင်ဘင်။

တစ်လှိုင်းထွက် တစ်လှိုင်းဝင်၊ ဗေဒါခင်ဖြစ်နဲ
ရေလှိုင်းဗလပွေနဲ့
မုန်တိုင်းလေ ရေတစ်ရိုးမှာ၊ စိုးရွံ့မှာပဲ။

မြစ်ရိုးမှာတဲ့ မိုးသက်ဆင်
လျှက်ကြိုးပျံမိုးသံထစ်
မိုးစစ်ဘုရင်။

မိုးညစ်လို့မြစ်မမြင် ဗေဒါခင်ဖြစ်နဲ
ရေလှိုင်းဗလပွေနဲ့
မိုးသက်လေ ရေတစ်ရိုးမှာ၊ စိုးရွံ့မှာပဲ။

စိုးမရွံ့တွန့်မတုန်
မိုးနှင့်လေရေရှုပ်ထွေး၊ ရွေးမျှမဖြုံ
ဆန်လိုက်ပြန်တုန်၊ စုန်လိုက်ပြန်ရ
ခေါက်ပေါင်းမရေနိုင်လို့
ဗေဒါခိုင်သည်မြစ်ထဲ၊ ရဲခဲ့သည်ပါ့။

ဇော်ဂျီ

ပျဉ်းမငုတ်တို

ပျဉ်းမငုတ်တို

ဖုထစ်ရွတ်တွ၊ ငှက်လင်းတသို့
ပျဉ်းမငုတ်တို၊ သက်ကျားအိုသည်
ကုန်းမိုထက်တွင်၊ တစ်ပင်တည်း။

ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း
အဖေးတက်လာ၊ အိုင်းအမာတို့
ကျယ်စွာဟက်ပက်၊ ခြအိမ်ပျက်။

ကုန်းမိုကမ်းပါး၊ မြေပက်ကြားတွင်
စစ်သားခမောက်၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်းလက်ပြညွှန်း။

ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်
ဓါးထစ်လည်းခံ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လျက်၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်
အသင်ယောင်္ကျားကောင်းတကား။

မင်းသုဝဏ်

ထိပ်ဆုံးသို့

ထိပ်ဆုံးသို့

တစ်တောင်ပေါ်တစ်တောင်ဆင့်
တောင်အမြင့်ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေအားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။

ခါတစ်လေ တကယ်ပန်းတာကြောင့်
တော်ပါပြီဆက်မလှမ်းချင်ဘု
ရပ်တန်းကရပ်မယ်ကြံ
အမှန်တော့ဖြစ်နိုင်ပါ့မလား
စခဲ့မိဟာပေါ့။

တစ်နေ့မှာဆုံးရာရောက်ပါလိမ့်
အားလျှော့ကာဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေလို့
မာလာငွေကန်ရေအေးရယ်နှင့်
ငှက်တေးကိုအာရုံဆင်လို့
မူတစ်သွင်အားအင်သစ်လိုက်ပါ့
ချစ်ဖွယ်လူသား။

ငွေတာရီ

Monday, 20 July 2009

1818 International Calling Card


စင်ကာပူရမှာ ဗမာတွေ အသုံးအများဆုံး ပေါ်ပြူလာ အဖြစ်ဆုံး ဖုန်းကတ်ကတော့ 1818 ပါပဲ။ သို့သော် သူ့ကို ဒိထက် အဆင်ပြေပြေ သုံးလို့ရမယ့်နည်းလေး တွေကိုတော့ လူတော်တော်များများ မသိကြပါဘူး။
ဒီလို .. ဒီလို ...


ပြဿနာ (၁)
Prepaid ကတ်တွေမှာ Bonus account နဲ့သုံးတဲ့သူတွေဟာ IDD balance ကုန်သွားရင် 1818 ခေါ်လို့မရတော့ဘူး။ တချို့ရုံးတွေမှာ ရုံးဖုန်းနဲ့ 1818 နှိပ်ရင် ခေါ်လို့မရဘူး။ callback သုံးတဲ့သူတွေမှာ 1818 ကိုခေါ်မရဘူး။ အဲလိုတွေ ဖြစ်တတ်ကြတယ်။
အဲဒီပြဿနာတွေ ပျောက်စေသတည်း...တခါတည်း ရှင်းပေးလိုက်မယ်။

ဖြေရှင်းချက် (၁)
96961818 လို့ခေါ်ခင်ဗျ။ အရာရာ အဆင်ပြေသွားပါရော။

ပြဿနာ (၂)
1818 သုံးလို့ လိုင်းမ၀င်ရင် ဖုန်းပြန်ချ၊ pin no ပြန်နှိပ်လုပ်ရတာ စိတ်မရှည်ဘူး။ pin no တွေအမြဲ မှတ်မထားနိုင်ဘူး။ ဖြစ်တတ်ကြတယ်။

ဖြေရှင်းချက် (၂)
ဖုန်းထဲမှာ 1818 ကို pin နံပါတ်ရော၊ ခေါ်ချင်တဲ့ ဖုန်းနံပါတ်ပါ အစအဆုံး တတွဲတည်း သိမ်းထားလို့ရပါတယ်။ ဖုန်းနံပါတ်တွေ အများကြီး ပြောင်းခေါ်ချင်ရင်တော့ pin no အထိပဲ သိမ်းတာကောင်းပါတယ်။

pin no က 0123456789၊ ရန်ကုန် ph no က 654321 လို့ဆိုကြပါစို့။
ဖုန်းနံပါတ်အထိ တခါတည်း အပြီးသိမ်းချင်ရင် 1818p1p0123456789#p951654321# လို့သိမ်းပါ။

pin no အထိပဲသိမ်းမယ်။ ဖုန်းနံပါတ်က ကိုယ်ကြိုက်တဲ့ နိုင်ငံ၊ ကြိုက်တဲ့ဖုန်းခေါ်မယ်ဆိုရင်
1818p1p0123456789# ပေါ့ဗျာ။

ရှင်းရရင်တော့ p ဆိုတာတွေက pause လုပ်ထားတာပါ။ nokia မှာတော့ * သုံးချက်ဆက်တိုက်နှိပ်ရင် p ရတယ်။ တခြားဖုန်းတော့ မသိဘူး။

အလုပ်လုပ်ပုံက ဒီလို ...
1818 ကိုခေါ်တယ်ပေါ့ဗျာ။ pause လုပ်ပြီး သူ့ response ကိုစောင့်တယ်။ language ရွေးခိုင်းတော့ 1 နှိပ်ပြီး english ကိုရွေးတယ် .. (မြန်မာလိုနားထောင်ချင်ရင် အဲဒီနေရာမှ 7 ထည့်လိုက်ပေါ့)။
ပြီးတော့တခါ pause ပြီး response စောင့်ပြန်တယ်။ pin no ကို # နဲ့ထည့်ပါဆိုတော့ 0123456789# ထည့်တာပေါ့။
ဒီနေရာမှာ ရပ်လိုက်တဲ့လူတွေက ဖုန်းနံပါတ် နှိပ်လို့ရပါပြီ။ နံပါတ်ပါ save လုပ်ထားရင်တော့ သူက တခါ pause ပြီး response ထပ်စောင့်တာပေါ့။ ဖုန်းခေါ်ချင် နိုင်ငံနံပါတ် ဘာညာနှိပ်ပါ၊ pin ပေါင်းချင် ဘာနှိပ်ပါဆိုတော့ 951654321# နှိပ်သွားတော့ ဖုန်းခေါ်သွားလေသတည်းပေါ့။

1818 ဆိုပြီး ခေါင်းစဉ်တပ်ထားပေမယ့် တခြားဖုန်းကတ်တွေကိုလည်း ဒီလိုပဲ save လို့ရပါတယ်လို့။


ဟောဒီအောက်က ကြော်ငြာ

ဒဏ္ဍာရီက နေ့လည် ၂ နာရီကနေ ည ၉ နာရီအတွင်း online ရော ph msg နဲ့ရော ဖုန်းကတ် ရောင်းပေးနေပါပြီ။

Online ဆိုရင်

POSB/DBS internet banking ရှိမယ် GTalk ရှိမယ်ဆိုရင် အဆင်ပြေပါပြီ။
GTalk မှာ dandaribooks@gmail.com ကို add လိုက်ပါ။ လိုချင်တဲ့ ဖုန်းကတ်ကို GTalk ကနေတောင်းပြီး internet banking ကနေပိုက်ဆံလွှဲလိုက်ရင် ချက်ချင်း pin no ပို့ပေးမှာ ဖြစ်ပါတယ်။

Ph Msg ဆိုရင်

လမ်းပေါ်မှာ ရောက်နေလို့ internet banking မသုံးနိုင်ဘူး။ ATM ကနေပဲ လွှဲလို့ဖြစ်မယ်ဆိုသူများအတွက် Ph Msg နဲ့လည်း တောင်းလို့ရပါတယ်။ 82933958 ကို msg ပို့ရမှာ ဖြစ်ပါတယ်။
ပြီးရင် POSB/DBS ATM ကနေကျသလောက်လွှဲလိုက်ပါ။ msg နဲ့ pin ပြန်ရောက်လာပါမယ်။
မှတ်ချက်။ ။ ဒီဖုန်းနံပါတ်က msg အတွက်ပဲ သုံးတာမို့လို့ ဖုန်းခေါ်ရင် ကိုင်မယ့်လူရှိမှာ မဟုတ်ပါဘူး။

ထပ်ဆင့်မှတ်ချက်။ ။ နေ့လည် ၂ နာရီကနေ ည ၉ နာရီအထိပါပဲခင်ဗျာ။ ရနိုင်တဲ့ ဖုန်းကတ်နဲ့ ဈေးတွေကို ဒဏ္ဍာရီ web site ပေါ်မှာ ကြည့်နိုင်ပါတယ်။ 1818 ကတော့ S$8 ပါခင်ဗျ။


မူရင်းးhttp://yazakyaw.blogspot.com/2009/07/1818-user.html မှရယူပါသည်

Sunday, 19 July 2009

Cyber Crime အသိပညာပေး


Forward mail တစ်စောင်က ကူးယူဖော်ပြ ပါသည် ...


မြန်မာနိုင်ငံသားတွေဟာ ကမ္ဘာပေါ်မှာ သိပ်ယဉ်ကျေး သိမ်မွေ့တဲ့သူများ၊ ရိုင်းပင်းကူညီတတ်ကြသူများ၊ အားနာတတ် သူများ ဘာသာတရားကိုင်းရှိုင်းသူများ၊ ကိုယ်ချင်းစာစိတ်၊ ကူညီ ချင်စိတ်ကြီးမားသူ များအဖြစ် နာမည်ရပါတယ်။

အင်တာနက်ကို မြန်မာနိုင်ငံမှာ ပေါ်လာတဲ့အညီ အင်တာနက်ကို ကျယ်ကျယ်ပြန့် ပြန့် အသုံးပြုနိုင်မှု ရှိလာပါတယ်။ လူငယ်တွေ အင်တာနက် ကို ကျယ်ပြန့်စွာ အသုံးပြုလာသလို Free Service ပေးတဲ့ Blogspot တို့လို web-site blog လေးများကိုယ်ပိုင် အပျော်သဘောမျိုးလေးတွေလုပ်လာကြပါတယ်။

မှားယွင်းတဲ့မြန်မာလူငယ်အချို့ ဟာ ကွန်ပြူတာကျွမ်းကျင်မှုရှိတယ်ဆိုပြီး၊မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲပြီး၊ အင်တာနက်ရဲ့  လွတ်လပ်မှု၊ အခမဲ့ web-blog များတည်ဆောက်ရယူနိုင်မှုကို အခွင့်ကောင်းအဖြစ် သတ်မှတ်ပြီး၊ကိုယ့်ပျော်ရွှင် မှု ၊နောက်ပြောင်လိုမှု သက်သက် ကနေ ကိုယ့်မြန်မာနိုင်ငံသားများ၊ Celebrity
များ၏အတွင်းရေးများ၊ဓါတ်ပုံများ၊ဗီဒီယိုများ၊ အသံဖိုင်များကို ကာယကံရှင်ရဲ့ သဘောတူညီမှုမရရှိဘဲ၊ သက်ဆိုင်ရာ ပုဂိုလ်များရဲ့ နံမည်ရင်းများတပ်ကာ Blogspot တို့လိုအခမဲ့ web-blogတွေနဲ့ ကိုယ့်ပျော်ရွှင်မှု၊
သူတပါးထိခိုက်နစ်နာမှုကို ကိုယ့်လူမျိုး၊ကိုယ့်ယဉ်ကျေးမှု၊ကိုယ်ကိုးကွယ်တဲ့ ဘာသာတရား၊ ကိုယ့်မိသားစု ဂုဏ်သိက္ခာကို မျက်ကွယ်ပြုပြီး၊ ပြုလုပ်လာကြ ကြောင်းတွေ့ ရပါတယ်။

အဲ့လိုပြုလုပ်တဲ့နေရာမှာ Blogger ရဲ့ အမည်နာမကိုလည်း အင်တာနက် blogger များ၊ ဖိုရမ်များတွင် Nick လုပ်သူများ၏ ထုံးစံရပ်အတိုင်း မိမိတို့ ၏နံမည်ရင်းကို မယူသည့်တိုင်အောင် အပြင်လောကတွင် ဆင်တူယိုးမှား Common ဖြစ်သည့်နံမည်များ၊ မိမိတို့နှင့်ခင်မင်ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများအား နောက်ပြောင်ကျီစား လိုသဖြင့် မိတ်ဆွေ၊သူငယ်ချင်းများ ၏ အမည် ရင်းများ ယူပြီး Blog များတည်ဆောက်ပြီး၊ လိင်ဗီဒီယို၊ ဓါတ်ပုံများ တင်ပြီး အပျော်သဘောပေါ့ ဆိုပြီးပေါ့ပေါ့ဆဆသဘောထားပြီးလုပ်လာကြတာကိုတွေ့ရ ပါတယ်။

အပျော်သဘောဘဲဖြစ်စေ၊နောက်ပြောင်လို့ဘဲဖြစ်စေ၊ တစ်ပါးသူများရဲ့ အတွင်းရေး၊ဓါတ်ပုံ၊ ဗီဒီယို၊ဖုံးနဲ့ ခိုးဖမ်း ထားတဲ့ အသံဖိုင် တွေကို ကာယကံရှင်ခွင့်ပြုချက်မရဘဲ Blog နဲ့  တင်ပြီးအရှက်ခွဲရင်၊ဂုဏ်သိက္ခာကျဆင်း အောင် လုပ်ရင် Cyber Crime ဖြစ်ပါတယ်။ Blogger ဟာ Criminal ဖြစ်ပါတယ်။

Blogger ဟာ ငါလုပ်တာဘယ်သူမှမသိနိုင်ပါဘူး၊ ငါ့ကို ဘယ်တော့မှ Trace လုပ်နိုင်မှာ မဟုတ်ပါဘူး ထင်ရင် မှားပါတယ်။ မြန်မာကွန်ပြူတာသမားတွေ၊ ဟက်ကာတွေထက်အဆ ပေါင်းများစွာ ကျွမ်းကျင်တဲ့ ပြည်ပနိုင်ငံသား ကွန်ပြူတာ လူငယ် တွေ စမ်းရင်း၊ထွင်ရင်း နောက်ပြောင်ရင်းနဲ့  Cyber Crime ဖြစ်သွားပြီး၊ ထောင် အနှစ် ၃၀-၄၀ တွေကျခံသွားရတာ အများကြီးပါ။ နိုင်ငံတွေကျော်ပြီးတော့တောင် လိုက်ဖမ်းတယ်လို့ဖတ်ရှုရပါတယ်။

အထူးသဖြင့် gmail account တွေဖွင့်ရင်၊ Blogger ဆာဗာမှာမှတ်ပုံတင်ရင်ဘဲဖြစ်ဖြစ်၊ Google Server ဟာ -သူ့ကို register လုပ်လာတဲ့ ယူဆာက ၀ယ်သုံးတဲ့ အင်တာနက် ISP လို့ ခေါ်တဲ့ Internet Service Provider က ကိုယ့် အိမ် က ကိုယ့် ကွန်ပြူတာ၊ ကို Assign လုပ်ထားတဲ့ Internet Protocol လို့ ခေါ်တဲ့ IP address နဲ့ တကွ၊လိပ်စာ၊နေအိမ်၊ ဖုံးနံပါတ် တွေနဲ့ သာမက အထူးဆော့ဖ်ဝဲတွေနဲ့ ကိုယ်တည်ရှိတဲ့ နေရာကို မြေပုံပါ ထုတ် ပြီိး Google က Record ယူထားပြီးသားပါ။

ဘယ်လောက်ဘဲ သူတို့  Customer ရဲ့  Privacy ကို ထိန်းသိမ်းပါတယ်ဆိုပေမဲ့၊ အကယ်လို့  သူတို့ Service တွေကိုအခြေပြုပြီး၊ Cyber Crime တွေ လုပ်လာ ရင် ...သူတို့လဲ ဥပဒေဘက်ကဘဲရပ်တည်ကြမှာပါ။
အပျော် blogger ဟာ ငါလုပ်လိုက်လို့ နစ်နာသူတွေက Google ကို Abusive Report လုပ်လိုက်လို့  ငါ့ Blog ပိတ်သွား လဲ ဂရုမစိုက်ပါဘူး၊ ငါ့ကိုမသိနိုင်ပါဘူး၊ နောက်တခြားနေရာတွေမှာဆက်လုပ်မယ် ဆိုရင်တော့ မှားပါတယ်။

၂၀၀၆ခုနှစ်က ထုတ်ခဲ့တဲ့ weekly eleven ဂျာနယ်မှာဖတ်ခဲ့ဘူးပါတယ်။ သက်ဆိုင်ရာ နစ်နာသူများအနေနဲ့ ကွန်ပြူတာကျွမ်းကျင်သူအဖွဲ့ အစည်းများ၊ ဥပဒေရေးရာ ကျွမ်းကျင်သူများနဲ့ အမှုဖွင့်အရေးယူနိုင်တယ်လို့ပါရှိခဲ့ပါတယ်။

Google လို ကမ္ဘာထိပ်သီး အိုင်တီကုမ္ပဏီကြီး အနေနဲ့  သူ တို့  Service ကို အလွဲသုံးပြီး Cyber Crime ကျူးလွန်မှု တွေ ဖြစ်ရင် နစ်နာသူ Victim ကို အမေရိကန်ဒေါ်လာ တစ်သိန်းအထိ ပင် လျော်ကြေးပေးနိုင်ပြီး၊ တစ်ဖက်နစ်နာသူက တရားဥပဒေလမ်းကြောင်းနဲ့  စနစ်တကျ ဆောင်ရွက်လာခဲ့ရင် သူတို့  ကုမ္ပဏီကြီးရဲ့ ဂုဏ်သိက္ခာဘက်လိုက်မလား။ တစ်ပြားမှမ၇ဘဲ ရာဇ၀တ်မှုကျူးလွန်သွားတဲ့  Criminal ဘက်လိုက်မလား ဆိုတာအရှင်းကြီး ပါ။

Cyber Crime ပြသနာတွေကိုကိုင်တွယ်ဖို့  Google မှာ Legal Team လ ည်း သတ်သတ် ဖွဲ့ စည်းထားပါတယ။် အများအားဖြင့် မြန်မာကွန်ပြူတာ လူငယ်များဟာအပျော် web-blog တွေ လုပ်ရာမှာ Terms and Condition ကို ဘယ်တော့မှမဖတ်ဘဲ လွယ်လင့်တကူ အကောင့်ဖွင့်ပြီး blog လုပ်တတ်ကြပါတယ်။

blog မှာ တင်လိုက် တဲ့ Content ဟာ အကောင့်ရှင် တင်သူ၏ Responsibility လုံးလုံးလျားလျားဖြစ်ပါကြောင်း၊
သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုဖောက်ဖျက်ရင် Google LEGAL TEAM ရဲ့  အရေးယူဆောင်
ရွက်မှုနဲ့ အတူ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေအကြောင်း အရ ပြင်းပြင်းထန်ထန်အရေးယူခံ ရနိုင်ပါတယ်။

Google LEGAL TEAM နဲ့  google ရုံးတွေကို တိုင်ကြားတဲ့ စနစ်တွေ၊ စာပုံစံတွေ၊ ရုံးလိပ်စာ-FAX ၊ ဖုံးနံပါတ်တွေ ၊အီးမေးလိပ်စာတွေအကုန် ပေးထားပါတယ်။


လက်လွတ်စပယ် စဉ်းစားဆင်ခြင်ခြင်း၊ကိုယ်ချင်းစာ ထောက်ထားညှာတာမှု ကင်းမဲ့ပြီး၊ မြန်မာ့ဂုဏ်သိက္ခာ ကိုညှိုးနွမ်းအောင် ကိုယ့်မြန်မာ့နိုင်ငံသား အချင်းချင်း၊ အပျော်နောက်ပြောင်ပြီးဖြစ်စေ၊ အခြားအကြောင်း အမျိုးမျိုးကြောင့်ဖြစ်စေ၊ blogspot များဖြင့် အသရေ ဖျက် ဂုဏ်သရေ ညှိုးနွမ်းအောင်လုပ် ရင် အဲ့ဒီ
Cyber Criminal အတွက် လောကီ၊လောကုတ္တရာ ၂ ခုလုံး တွင် ဆိုးကျိုးများ၊ တန် ပြန် သက်ရောက်မှု ၀ဋ် ဒုက္ခများ မလွဲမသေခံစားရမည်ဖြစ် ပါတယ်။

သူများ အရှက်တကွဲ အကျိုးနဲ လို့  ကိုယ် ဘယ်လောက်ကြာအောင်ပျော်နိုင်မှာလဲဆိုတာ ရှိပါတယ်။
အပျော်ပျောက်ရင် နောက်ဘ၀မကူးခင်လက်ရှိဘ၀ မှာတင်ဘယ်သူမှ မသိနိုင်သည့်တိုင် မိမိကိုယ်တိုင် ကျက်သရေတုံးသကဲ့သို့  ခံစားသိရှိရမှာ ဖြစ်ပြီး၊ နောက်ဆုံးရင်ဆိုင်ရမည် မှာ ဆိုင်ရာနိုင်ငံဥပဒေ၊ မိခင်နိုင်ငံ ဥပဒေများနှင့်ဖြစ် ပါတယ်။

မသမာသူများ၊ နောက်ပြောင်ကျီစယ်သူများ က- မိမိတို့ ၏နံမည်ရင်းများကို နစ်အဖြစ် အလွဲအသုံးပြုပြီး blogspot များနှင့်အခြား Blog များပြုလုပ်ခြင်းခံရသည်သူများအနေဖြင့်လည်း ရုံး၊ကုမ္ပဏီ ၀န်ထမ်းများဖြစ်ပါက မိမိတို့ သက်ဆိုင်ရာ ရုံးဌာနများအလိုက်၊ အကြီးအကဲများထံ ၊မန်နေဂျာ အရာရှိများထံ တရားဝင် ရုံး စာများဖြင့် Primary Report လုပ် ပြီး Record ယူ Case File လုပ် ထားသင့်ပါတယ်၊ ကိုယ်ပိုင် စီးပွားရေးလုပ်သူများ၊ ကျောင်းသား ကျောင်းသူ အရပ်သား များဖြစ်ပါက မိမိတို့  နှင့်နီး စပ်ရာ Police Station တစ်ခုခုမှာဖြစ်စေ၊ သက်ဆိုင်ရာ နိုင်ငံရဲ့ အာဏာပိုင်ရုံးတစ်ခုခုမှာဖြစ်စေ (ပြည်တွင်းမှာဖြစ်စေ/ပြည်ပမှာဖြစ်စေ) တရားဝင် Report ကြိုတင်လုပ်ထားသင့်ပါတယ်။

ကမ္ဘာပေါ်မှာသိပ်ယဉ်ကျေးတဲ့ ချစ်စရာကောင်းတဲ့ စေတနာကောင်းတဲ့ ငါတို့ မြန်မာနိုင်ငံသားတွေ၊ လူမချမ်းသာရင် နေပါ။ အကျင့်သီလ ၊ ဂုဏ်သိက္ခာ နေရာမှာ တိုင်းတစ်ပါးသား တွေထက် သာတယ် ၊ စာနာတယ်၊ထောက်ထားတယ်၊ ကိုယ်ချင်းစာစိတ်၊ အရှက်အကြောက်တရားနဲ့  ပြည့်စုံကြပါတယ် ဆိုတာ သက်သေပြကြပါ။

ကိုယ်ရဲ့ အပျော်စိတ်လေးတစ်ချက်ကြောင့် ကွန်ပြူတာ ကီး လေးတစ်ချက်နှိပ်လိုက်မိတာကြောင့်
ငါတို့ ချစ်တဲ့ အားပေးနေတဲ့ အနုပညာသည်တွေ မိသားစုတွေ ၊အိမ်ထောင်ရေး၊လူမှုရေး တွေ ထိခိုက် နစ်နာဆုံးရှုံး မှုတွေခံစားကြရတယ်။ အရှက်တကွအကျိုးနဲ တွေ ဖြစ်ကြတယ်။ လူပတ်ဝန်းကျင်မှာ လူတော မတိုးရဲအောင်ဖြစ် သွားကြတယ်ဆိုရင် ၊ တကယ်ပျော်ရဲ့ လား၊ ဗုဒ္ဓ¨ဘုရားရှင်ကကော သာဓုခေါ်မှာလား၊ အဖဘုရားသခင် သခင်ယေရှု ကကော ကောင်းချီးပေးမယ်လို့ ထင်ပါသလား၊

အဲလိုထင်ခဲ့ရင် အဲဒီ့အပျော်ရအောင် သူများ ကို ထိခိုက်အောင်လုပ်လိုက်ပါဦး၊ ပြီးရင် ငါ ပျော်လိုက်တာ၊
ကောင်းလိုက်တာဆိုတဲ့စကားကို ညအိပ်ယာဝင် ခါနီး ဘုရားစင်ရှေ့မှာ လက်အုပ်လေးချီပြီး ဗုဒ္ဓရဲ့ ကြည်လင် နေတဲ့ မျက်နှာတော် ကို မော့ကြည့်လိုက်တဲ့အချိန်မှာ ရဲရဲ ကြီး ပြောကြည့်လိုက်ပါလား။
ဒါမှမဟုတ် တနင်္ဂနွေ ဘုရားကျောင်း ထဲမှာ အဖဘုရားသခင်ရဲ့  မျက်နှာကိုကြည့်ပြီး ပြောကြည့်လိုက်ပါလား။

တစ်ချက်လေး ကိုယ်ချင်းစာကြည့် ပေးလိုက်ပါလား- ကျွှန်တော်တို့ အားလုံးဟာယဉ်ကျေးတဲ့၊ ချစ်စရာကောင်းတဲ့ မြန်မာနိုင်ငံသားတွေချည်းပါဗျာပညာလေ့လာသူအချင်းချင်းကိုယ်ချင်းစာ မှုလေးတွေထားနိုင်ကြပါစေဗျာ ...




( အင်တာနက်သုံးသူ လူငယ်တွေ ကိုယ့်ဆီ ပြန်လာမည့် အန္တရယ်/အကုသိုလ်တရားများကိုမသိဘဲ တစ်ပါးသူ များအား ပါစင်နယ် ထိခိုက်နစ်နာစေသော web-blog များ မလုပ်မိစေ ဘဲဆင်ခြင်မိစေရန်၊ ဒုက္ခမရောက်စေရန်၊ နှမသားချင်းစာနာကြ စေရန်၊ ငရဲမကျစေရန် မေတာရပ်ခံပြီး အရေးကြီးသော ဒီ သတိ၊ပညာပေး စာ လေး အား Cyber Crime နဲ့ ပတ်သက်တဲ့ အသိပညာပေးစာတစ်ခုမျှ သာဖြစ်ပါတယ်။)

Friday, 19 June 2009

testpost

Click here for the MP3 file .

Thursday, 18 June 2009

Inaugral Night Festival 2008 @ National Museum of Singapore

Night Festival 2008 @ Art Museum of Singapore